Tuesday, February 2, 2010

မော်ဒန်မှသည် ပို.စ်မော်ဒန် လူ.အဖွဲ.အစည်းဆီသို.

ခင်ဗျားဟာ တကယ်လို. အသက် ၂၅ နှစ်မကျော်သေးတဲ့ မြို.ပြနေထိုင်သူ တစ်ဦးဆိုရင် ပို.စ်မော်ဒန် လူသားတစ်ဦး အဖြစ် ခင်ဗျားကို သတ်မှတ်နိုင်ပါလိမ့်မယ်။ အသက် ၂၅ နှစ်ကျော်နေတဲ့ လူဖြစ်မယ်ဆိုရင်တော့ ခင်ဗျားရဲ့ စိတ်နေစိတ်ထား ၊ လှုပ်ရှားမှုများဟာ မော်ဒန်လူ.အဖွဲ.အစည်းမှာ နေသားကျနေလိမ့်မယ်။ ထိုနေသားကျနေမှုဟာ ထိတ်လန်.ကြောက်ရွံမှုတွေနဲ. နေထိုင်ရခြင်းလည်း ဖြစ်တယ်။

မြို.ပြ၀ါဒရဲ့ အားကောင်းပြင်းထန်စွာ လှုပ်ခတ်မှုမှာ ရန်ကုန်မြို.နဲ. မန္တလေးမြို.ကြီးနှစ်မြို.ဟာ အဓိကကျတဲ့ မြစ်နှစ်စင်းပဲ။ သမိုင်းမှာ မော်ဒန်လူသားတွေလို. ပြောဆိုသတ်မှတ်ရမယ့် တောက နေမြို.တက်လာကြတဲ့ လူတွေဟာ ရန်ကုန်နဲ. မန္တလေးရဲ့ ပင်မရေစီးတွေ ဖြစ်မှန်းမသိ ဖြစ်လာကြတယ်။ တောက မြို.ရောက်လာတဲ့ ထိုတောသားများဟာ အသိအကျွမ်းနည်းပါးတယ်။ ဘယ်သူ.ကိုမှ မယုံရဲဘူး ။ ကိုယ့် ဒူးကိုယ်ချွန်စိတ်ဓါတ်နဲ. မြို.ပြမှာ ရပ်တည်ကြရတယ်။ သူတို. စိတ်ထဲမှာ သိတာတစ်ခုပဲရှိတယ်…. “ငါလုပ်ရင် ငါစားရမယ်” ။ အဲဒီ စိတ်ဓါတ်တွေနဲ. ပြည်နေညှပ်ပြီး အသက်ရှုမ၀တဲ့ မြို.ပြကို မော်ဒန်လူ.အဖွဲ.အစည်းလို. သတ်မှတ်လိုက်ကြတယ်။

မော်ဒန်လူ.အဖွဲ.အစည်းဟာ မြို.ပြက ထွက်ပြေးချင်နေတဲ့ လူ.အဖွဲ.အစည်းဆိုလည်း မမှားဘူး။ တောမှာ ရုန်းကန်ပြီး အကြောင်းအမျိုးမျိုးကြောင့် မြို.ပြရောက်လာသူတွေဟာ အတိတ်မေ့ကုန်ကြတယ်။ ဒါမှမဟုတ် ခန္တာကိုယ် ပင်ပန်းမှုကို ကြောက်ရွံကြသူတွေဖြစ်တယ်။ မြို.ပြမှာ စိတ်ပင်ပန်းမှုတွေ ၊ စိတ်ဖိစီးမှုတွေ ရှိနေပေမယ့် သူတို.ဟာ အကြောင်းအမျိုးမျိုးပြပြီး ၊ အကြောင်းအမျိုးမျိုးကြောင့် မြို.ပြက လွတ်မကျသွားအောင် မှီခိုတွယ်ကပ်ထားကြရတယ်။ ရွာမှာ ကျန်ခဲ့တဲ့ အမေကို လွမ်းကြပေမယ့် နောက်မျိုးဆက် တစ်ခုကို ထောက်ပံထားရပြီး ဖြစ်နေကြတယ်။

မော်ဒန်လူ.အဖွဲ.အစည်းရဲ့ သားသမီးတွေဟာ ပို.စ်မော်ဒန် လူ.အဖွဲ.အစည်းအဖြစ် ရပ်တည်လာကြရတယ် ။ မော်ဒန်လူ.အဖွဲ.အစည်းဟာ မော်ဒန်လူ.အဖွဲ.အစည်း အဖြစ်ရပ်တည်နိုင်ဖို. ကြောက်ကြောက်ရွံရွံနဲ. စိတ်မသက်မသာဖြစ်ပြီး ခေတ်ရဲ့ တောင်းဆိုချက်အရ တည်ဆောက်လိုက် ရတာ ဖြစ်တယ်။ ပို.စ်မော်ဒန် လူ.အဖွဲ.အစည်းကတော့ မော်ဒန်လူ.အဖွဲ.အစည်းဆီက မွေးထုတ် ခံလိုက်ရတာဖြစ်ပေမယ့် မော်ဒန်လူသားရဲ့ အမွေကို မဆက်ခံခဲ့ဘူး ။ ပို.စ်မော်ဒန် လူသားတွေဟာ သူတို. မိဘတွေရဲ့ အမြင် အယူအဆ အားလုံးနီးနီးကို ငြင်းပယ်လိုက်ကြတယ် ။ မြို.ပြဟာ ထိတ်လန်.ဖွယ် ကြောက်ရွံဖွယ် သူစိမ်းတစ်ယောက် အဖြစ်နဲ. မော်ဒန်လူသားဟာ ရင်နီးခဲ့ရတယ်။ သူတို.ဟာ မြို.ပြနဲ. သူစိမ်းတွေဖြစ်တယ်။ မြို.ပြဟာ သူတို.ကို မချစ်ဘူးလို. ခံစားမိကြပြီး သူတို.ဟာလည်း မြို.ပြကို မချစ်တက်ကြဘူး။

မော်ဒန်လူသားတွေဆီက မွေးဖွားလာတဲ့ ပို.စ်မော်ဒန်လူသားဟာ မြို.ပြကို ချစ်တက်သူတွေ ဖြစ်တယ်။ သူတို.အတွက် မြို.ပြဟာ သူစိမ်းတစ်ယောက်မဟုတ်ဘူး ၊ ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး ။ သူတို.ဟာ မြို.ပြမှာ မွေးဖွားခဲ့ကြတယ် ။ မြို.ပြဟာ သူတို.နဲ. ဂေါ်လီရိုက်ဖက် ဖြစ်တယ် ၊ ဂွေ.လှိမ့်ဖက် ဖြစ်တယ် ။ သူတု.ဟာ မြို.ပြကို အထင်ကြီးတယ် ၊ မြို.ပြနဲ. အကြာကြီးခွဲပြီး မနေနိုင်သူတွေ ဖြစ်တယ် ။ မြို.ပြဟာ ဘယ်လောက်ထိ သူတို. ရင်းနှီးလည်းဆို မော်ဒန်လူသားတွေ စိတ်တောင် မကူးရဲတဲ့ “ လိုင်းကားကို ပြောစီးခြင်း” မျိုးကို ပြုကြတယ် ။ အဲ့လို အပြုအမူမျိုးကို မော်ဒန်လူသားဟာ သိမ်ငယ်စရာလို. ခံယူကြပေမယ့် ပို.စ်မော်ဒန်လူသားကတော့ ဘယ်လိုမှ မခံစားရတော့ဘူး။ အဲ့လို အဖြစ်အပျက်က ပြန်ကြွားစရာတောင် ဖြစ်နေတက်တယ်။

ပို.စ်မော်ဒန် လူ.အဖွဲ.အစည်း ဟာ ဆင်ခြေဖုံးမြို.သစ်တွေ ဖွံဖြိုးတိုးတက်စည်ကားလာခြင်း နဲ. အင်တာနက် သုံးစွဲလာကြချိန်မှာ စတင်တယ်လို. ဆိုနိုင်တယ် ။ မြို.ပြရဲ့ တိုက်တွေနေရာမှာ ဆင်ခြေဖုံး မြို.သစ်တွေက ခြံနဲ.၀န်းနဲ. နေထိုင်မှုစနစ်ကို ပြောင်းရွှေ.လိုက်ကြရတယ်။ စာကလေး အိမ်လို တိုက်ခန်းတွေထက်စာရင် ခြံနဲ.၀န်းနဲ. နေနိုင်လာခြင်းဟာ သူတို. စိတ်ကို လွတ်လပ်စေတယ် ။ အဲ့ဒီလိုနဲ. ပို.စ်မော်ဒန်လူသားဟာ ရဲရင့်လာတယ် ။ အင်တာနက်နဲ. ကိုရီးယား ဇာတ်လမ်းတွဲတွေကြောင့် သူတိ.ရဲ့ ရဲရင့်လာမှဟာ ပိုပြီးသေချာလာစေတယ် ။ သူတို.ဟာ အရာရာကို ခေါင်းငုံခံတက်ကြသူတွေ မဟုတ်တော့ဘူး ။ တစ်ချိန်တည်းမှာပဲ မော်ဒန်မိဘတွေဆီက အိပ်ရာဝင်ပုံပြင်တွေ အဖြစ် မော်ဒန်မြို.ပြရဲ့ အကြောင်းကို ခါးသီးနာကျဉ်းစွာ ယုံကြည်မိကြတယ် ။ မြို.ပြ လူနေမှုစနစ်ဟာ မကောင်းကြောင်း အရိုက်သွင်းခံထားကြရတယ် ။ အဲဒီလိုနဲ. မြို.ပြလူနေမှုဘ၀ကို ကြောက်စိတ်ဟာလည်း ရှိနေခဲ့တယ် ။

ပို.စ်မော်ဒန်လူသားဟာ အမြဲလိုလို လှေနံနှစ်ဖက် နင်းနေကြသူတွေဖြစ်တယ် ။ သူတို.ဟာ ဆန်.ကျင်စိတ်နှစ်ခုကို တွဲပြီး ခံစားတက်ကြတယ် ။ သူတို.ဟာ လူတစ်ယောက်ကို အလွယ်တကူ ချစ်တက်ကြတယ် ။ အလွယ်တကူ မေ့တက်ကြတယ် ။ ရောက်ရှိနေတဲ့ အသိုင်းအ၀ိုင်းမှာ သင့်တင့်လျှောက်ပတ်အောင် နေထိုင်ကြသူတွေ ဖြစ်တယ် ။ သူတို.ဟာ မော်ဒန်ခေတ်မှာ မေ့လျှော့ထားတဲ့ သေခြင်းတရားကို ပြန်စွဲထုတ်လာကြတယ် ။ သူတို.ရဲ့ အင်တာနက် စာမျက်နှာမှာ သူတို.ဟာ ခဏခဏ သေဆုံးတက်ကြတယ် ။ လူ.ဘ၀ကို စိတ်ပျက်ကြတယ် ။ အဲ့ဒီလိုနဲ. သူတို.ဟာ အင်တာနက်မှာ သနားစဖွယ်ဖြစ်အောင် ဟန်ဆောင်ကြတယ် ။ လက်တွေ.လူသားကတော့ သေခြင်းတရားကို အလိုမရှိကြဘူး ။ လူဖြစ်နေရတာကို ကျေနပ်ကြတယ် ။ မြို.ပြက သူတို.ကို စွန်.ခွာသွားမှာ ၊ စွန်.ခွာ ထွက်သွားရမှာကို ကြောက်နေကြပြီ ။

ပို.စ်မော်ဒန်ခေတ်မှာ စာပေဈေးကွက်ဟာ နေရာရွှေ.ပေးရမယ့် အနေအထားကို ရောက်လာတယ်…. မဂ္ဂဇင်းတွေ ၊ စာအုပ်တွေ ၀ယ်ဖတ်တဲ့ သူဟာ မရှိသလောက်ပဲ… အင်တာနက်ပေါ်ကပဲ စာဖက်ကြတော့တယ် ။ ပုံနှိပ်မီဒီယာဟာ ကြံရာမရဖြစ်ကုန်ကြတယ် ။ ပို.စ်မော်ဒန်ခေတ်ဦးမှာ အင်တာနက်ပေါ်က အနုပညာရှင်တွေဟာ အသက် (၂၃) မကျော်ကြသေးတာ များတယ်.. အဲဒီတော့. သူတို. အနုပညာဟာ (၁၅၀၀) ချစ် မှာပဲ သံသရာလည်နေ.. ဘလော့ဂ်တွေ ပေါ်ကာစ ၂၀၀၇ ၂၀၀၈ အင်တာနက်ပေါ်က ကဗျာတွေဟာ ရောမန္တိက အဆင့်ပဲရှိကြတယ်.. ၂၀၀၉ နှစ်စပိုင်းလောက်မှာ မော်ဒန်ကဗျာတွေ နေရာရလာတယ်..။ ပုံနှိပ်မီဒီယာက အနုပညာသမားတွေဟာလည်း အင်တာနက်ပေါ် တက်လာကြတယ်..။ အချိန်ကတော့ ၂၀၀၉ ကုန်ခါနီး နှစ်လသုံးလလောက်မှာပေါ့ …. ပုံနှိပ်မီဒီယာမှာလိုပဲ အင်တာနက်ပေါ် ပို.စ်မော်ဒန်ကဗျာတွေ စတင်နေရာယူလာတယ်။ (ထိုအကြောင်းကို ဆောင်းပါးသက်သက် ရေးပါဦးမည်။)
ပို.စ်မော်ဒန် လူ.အဖွဲ.အစည်းမှာ အင်တာနက်ဟာ မရှိမဖြစ် အရေးကြီးတဲ့ နေရာပဲ.. လူတွေက စား၊၀တ်၊နေ၊ရေး ထက်တောင် အရေးကြီးတယ်လို. ခံစားလာကြတယ်.။ အရင်ခေတ်တွေတုန်းက လူဟာ တက္ကသိုလ်တွေ ၊ ကျောင်းတွေ အလုပ်တွေက တစ်ဆင့် အသင်းအဖွဲ.တွေ ဖွဲ.စည်းတည်ထောင်ကြတယ် ။ ပို.စ်မော်ဒန် လူသားတွေကတော့ အင်တာနက်ပေါ်ကနေ အသင်းအဖွဲ.တွေ ထူထောင်ပြီးလုပ်ကိုင်ကြတယ် ။ အဲဒီနည်းလမ်းဟာ အသင့်တော်ဆုံး ၊ အထိရောက်ဆုံး ပန်းတိုင်ရောက်ဖို. အသေချာဆုံး ဆိုလည်း မမှားဘူး ။ မော်ဒန်မိဘတွေဟာ သူတို.ရဲ့ သားသမီးတွေရဲ့ နောင်ရေးအတွက် လျှောက်လမ်းတွေ ဖောက်ပေးကြတယ် ။ ဒါပေမယ့် ပို.စ်မော်ဒန်လူသားဟာ အဲဒီ တစ်ဦးတည်း တစ်ယောက်တည်း လျှောက်ရတဲ့ လမ်းကြောင်းကို မလိုက်ခဲ့ဘူး ။ သူဟာ အသင်းအဖွဲ.နဲ. အလုပ်လုပ်ရတာကို သဘောကျတယ် ။ ပျော်လည်းပျော်တယ် ။ ပို.စ်မော်ဒန်ခောတ်မှာ အသင်းအဖွဲ.နဲ. လုပ်တဲ့ အလုပ်တွေသာ အောင်မြင်ကြတယ် ။ တစ်ဦးတည်း တစ်ယောက်တည်း ရပ်တည်ခြင်းဟာ ပို.စ်မော်ဒန် လူ.အဖွဲ.အစည်းရဲ့ ပြယုဂ်မဟုတ်တော့ဘူး ။ အဲ့ဒီလိုနဲ. မော်ဒန်မိဘတွေဟာ ပို.စ်မော်ဒန်သားသမီးတွေကို စိုးရိမ်တကြီး စောင့်ကြည့်နေကြတယ် ။ ပို.စ်မော်ဒန် လူသားအတွက် အဲဒီစောင့်ကြည့်ခံရမှုဟာ သူတို.ခေတ်ရဲ့ ဟာသဖြစ်တယ် ။ အဲဒီပြသာနာဟာ ဒီနေ.ခေတ်ရဲ့ အကြီးကျယ်ဆုံး အားပြိုင်ပွဲလည်း ဖြစ်တယ် ။

ပို.စ်မော်ဒန်လူသားဟာ လွတ်လပ်မှုကို မြတ်နိုးတယ် ၊ နှစ်သက်တယ် ၊ သူတို.အတွက် ဘယ်အရာကမှ အရေးမကြီးဘူး ၊ ဘယ်အရာကမှ မခမ်းနားဘူး ။ မော်ဒန်လူသားရဲ့ မျက်လုံးထဲမှာ မြို.ပြက မိန်းမတိုင်းဟာ မိန်းမပျက်တွေ ဖြစ်တယ် ။ လိင်မှုဘ၀ဟာ မတရားလွတ်လပ်လာတယ် ။ လိင်ဆက်ဆံခြင်းကို အလှူလက်ဖက်လို ခွဲဝေသုံးစွဲကြတယ် ။ တည်းခိုခန်းက ထွက်လာတဲ့ အမျိုးသမီးဟာ နောက်တစ်ကြိမ် ဘယ်အမျိုးသားနဲ. ယှဉ်တွဲသွားရမလည်းလို. စောင့်မျှော်နေတယ် ။ အမျိုးသားဟာလည်း နောက်တစ်ကြိမ် ဘယ်သူနဲ. အဆင်ပြေနိုင်မယ်ဆိုတာကို လိုက်ရှာနေတက်ကြတယ် ။ မြို.ပြရဲံ လိင်မှုဘ၀ဟာ ရရစားစားပါပဲ ။ ဒီလိုနဲ. အိမ်ထောင်ပြုသူတွေနည်းပါးလာပြီး ကလပ်တွေဟာ 24 နာရီလုံး ရှိလာတယ် ။

ပို.စ်မော်ဒန်မြို.ပြ အကြောင်းပြောမယ်ဆို ချန်လှပ်ထားလို. မရတဲ့ အဖြစ်အပျက်တစ်ခု ရှိမယ်.. အဲဒါကတော့ ဂီတကြောင့် ကိုအခြေခံပြီး မြို.ပြလူငယ် လူတန်းစားနှစ်ရပ် ပေါ်ပေါက်တာတယ် ။ တစ်မျိုးက ဟစ်ဟော့ပ်လူငယ်တွေ သူတို.ဟာ မြို.ပြလူငယ်ထုရဲ့ လေးပုံတစ်ပုံလောက်ရှိတဲ့ လူများစုဖြစ်ဖြစ်ပြီး နောက်တစ်မျိုးက အနက်ရောင်တီရှပ်ဝတ်လူငယ်တွေ ဖြစ်တယ် ။ အနက်ရောင်တီရှပ်ဝတ်လူငယ်တွေဟာ လူနည်းစုဖြစ်သလို လူမုန်းခံရသူတွေလည်း ဖြစ်တယ် ။ အနက်ရောင်တီရှပ်ဝတ်လူငယ်တွေမှာ punk ၊ metal ၊ emo နဲ. Rock ခေါင်းစဉ်အောက်က ဂီတတွေကို ကြိုက်နှစ်သက်သူတွေ ပါဝင်တယ် ။ သူတို.ဟာ ပြည်ပက ဆူညံပွက်လောရိုက်နေပြီး သာမာန်လူတွေ နားမခံသာတဲ့ အော်မြည်သံတွေကို နှလုံးသားထဲ ရိုက်သွင်းကြတယ် ။ သူတို. အချင်းချင်းကြားမှာ သူတို.ဟာ ရှုံးနိမ့်သူတွေ အဖြစ် အမြဲတမ်းခံယူကြတယ် ။ သူတို.ရဲ့ အခြေခံ အတွေးအခေါ်ဟာ နတ္တိဝါဒီနဲ. ဖြစ်တည်မှုဝါဒီတွေနဲ. ဆင်တူလာတယ်..။ သူတို. ဖတ်တဲ့စာတွေဟာလည်း အဲ့ဒီလို အကြောင်းတရားပါတဲ့ ဟာမျိုးတွေကြီးပဲ ။ ဟစ်ဟော့ပ်လူငယ်တွေရဲ့ ဘ၀ကတော့ရှင်းတယ်… သူတို.ဟာ ဘ၀ကို ခပ်ပေါ့ပေါ့နေမယ် ခပ်ပေါ့ပေါ့ကုန်ဆုံးမယ် ..ဒါပဲ..သူတို.ဂီတမှာ ဟစ်ဟော့ပ်သမားတိုင်းဟာ အဆိုတော်ဖြစ်နေကြတယ် ၊ အဆိုတော်ဖြစ်ခွင့်ရှိတယ် ။ နောက်ပိုင်းနှစ်တွေမှာ ဟစ်ဟော့ပ် လူငယ်ဟာ မြို.ပြကို ဖုံးလွှမ်းသွားနိင်တဲ့ အခြေအနေမှာ ရှိနေတယ် ။

ကျွန်တော်တစ်ဦးတည်း သတ်မှတ်ချက်အရ ပို.စ်မော်ဒန်လူ.အဖွဲ.အစည်းဟာ ၂၀၀၅ ခုနှစ်က စတယ်.. ဒီ လူ.အဖွဲ.အစည်းဟာ သက်တမ်းနုသေးတဲ့ အတွက် ရှေ.လျှောက် ဘာတွေ ဆက်ဖြစ်ကြမယ်ဆိုတာ ကျွန်တော်တို. ကိုယ်တိုင် ပါဝင်စီးမျောပြီး လေ့လာကြရမယ့် အရာဖြစ်ကြောင်း …..

Friday, January 29, 2010

မြန်မာခောတ်ပေါ်မိသားစု (၂)

ပြိုကွဲသွားတဲ့ ခေတ်ပေါ်မိသားစုဘ၀ကို ဖော်ပြနိုင်တဲ့ ကဗျာတစ်ပုဒ်ကတော့ မိုးဝေးရဲ့ “မြစ်ဝကျွန်းပေါ်” ဆိုတဲ့ ကဗျာပါပဲ။ ကဗျာဟာ ၀ါကျင့်ကျင့်နဲ. မှုန်ဝါးနေတဲ့ အဖြူ၊အမဲ မိသားစု ဓါတ်ပုံလေး တစ်ပုံလိုဖြစ်နေတယ်။

မြစ်ဝကျွန်းပေါ်

အဖြစ်အပျက်တွေကို
ပြန်ကြည့်ဖို. ဆိုလို.
ငါ့ခေါင်းအုံးအောက် က စာဟောင်းထဲမှာ
ကမ်းပါးနောက်မှာ ကျန်ခဲ့တာက
ငါတို.ရဲ့ နောက်တစ်နေ.
ငါတို.ရဲ့ ဘယ်မှာမှန်း မသိသေးတာ
နောက်ထပ် ပေါ်လာမယ့် သဲသောင်
အိပ်လို. မပျော်တိုင်း
ထထကြည့်ကြတဲ့ ငါတို.ရဲ့ မောင်နှမများ
ငါတို. အမေ စိုက်ခဲ့တဲ့ သရက်ပင်
ငါတို.နဲ. အတူမျောပါခဲ့ရတဲ့ သရက်သီးမျော
ရေစီးက တအားသန်တယ်
ငါတို. ပြန်မလာကြတော့ဘူး။

မိုးဝေး

ကဗျာထဲမှာ ပြိုကျနေတဲ့ ကမ်းပါးတွေ၊ ရေစီးထဲမှာ မျောပါနေတဲ့ ဘ၀နဲ. အဖြစ်အပျက်တွေကို မြင်ရတယ်။ ပျောက်ဆုံးသွားတဲ့ မှတ်ဥာဏ်နဲ. ဖွဲ.စည်းထားတဲ့ကဗျာရဲ့ tone ဟာ “အတိတ်ကို လွမ်းဆွတ်ခြင်း “ကို နှိုးဆွပေးတယ်။ ကဗျာထဲက မိသားစုတစ်စု “ပြိုကွဲခြင်း” ဟာ အနှေးရိုက်ကွက်တစ်ခုကို ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတယ်။ အဲဒီ တမြေ့မြေ့ ပြိုကွဲမှုဟာ နောက်ဆုံးစာကြောင်းတွေမှာ မှ ရုတ်တရက် “ပြင်းထန်” လာပြီး အဖြစ်အပျက်ဟာ မူလအခြေအနေဆီ ပြန်မရောက်နိုင်တော့တာကို တွေ.ရတယ်။ ကဗျာဟာ စာဖတ်သူရဲ့ နှလုံးသားကို အဝေးဆုံးနေရာဆီ ခေါ်သွားပြီး အဲဒီနေရာမှာပဲ ထားပစ်ခဲ့တာကို တွေ.ရတယ်။
ခေတ်ရဲ့ “ကစဥ့်ကလျား ဖြစ်နေတဲ့ စိတ္တဇ” နဲ. ခေတ်ပေါ်မိသားစုရဲ့ “မတည်ငြိမ်မှု” ကို စိုင်းဝင်းမြင့် ရဲ့ “အရေးအသားတစ်ခု” ဆိုတဲ့ ကဗျာမှာ တွေ.နိုင်တယ်။

အရေးအသားတစ်ခု
ဝင်ရိုးစွန်း တူလို.
တစ်ယောက်ကို တစ်ယောက် တွန်းကန်ကြတယ်
ကျွန်တော်တို. ညီအစ်ကို မောင်နှမတွေ။
အဖေဟာ အရောင်သန်းနေတဲ့ သတ္တု
ကက်ဆတ်ကို အကျယ်ကြီးဖွင့်တယ်
လက်မောင်းမှာ ဆေးမင်ကြောင် အ၀ိုင်းအ၀ိုင်းတွေနဲ.
အဆုတ်တစ်ခြမ်း မကောင်းတော့ဘူး။
ကျွန်တော်တို. အမှားအယွင်းတစ်ခုခု လုပ်မိတာနဲ.
အမေဟာ အိမ်ပေါ်က နှင်ချတော့တာပဲ
ကျွန်တော်တို.ကလည်း ခေသူမဟုတ်
ရွေ.တယ်။
ကျွန်တော်တို. ခေတ်စိတ္တဇများ
ဆံပင်အရှည်ထားလိုက်
ကတုံးဖြစ်လိုက်
အိမ်ဟာ လက်ဖက်ရည်ဆိုင်လို
ဝင်လိုက်
ထွက်လိုက်။ ။

စိုင်းဝင်းမြင့်

ကဗျာထဲက ဆေးမင်ကြောင် အ၀ိုင်းအ၀ိုင်းတွေ၊ တိုလိုက်ရှည်လိုက် ဆံပင်တွေဟာ ခေတ်ပေါ်လူ.အဖွဲ.အစည်းရဲ့ “ဟစ်စတိုးရီးယား”ကို ညွှန်းဆိုနိုင်တဲ့ နမိတ်ပုံတွေ ဖြစ်ခဲ့တယ်။ စိုင်းဝင်းမြင့်ရဲ့ နောက်ထပ် ကဗျာတစ်ပုဒ်၊ ဖြစ်တဲ့ “မိသားစု” ဆိုတဲ့ ကဗျာမှာတော့ ကဗျာဆရာရဲ့ အပြစ်ခံစားရတဲ့စိတ် လိပ်ပြာမသန်.ခြင်းနဲ. ခေတ်ပေါ်မိသားစုရဲ့ ရုန်းကန်ရှင်သန်ရမှုကို တွေ.မြင်ရတယ်။

မိသားစု

မိသားစု ဆိုတာ
တစ်ယောက် ရှေ.ရောက်ဖို.
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်း တစ်ကိုင်း တိုးထွက်ဖို.
သစ်ကိုင်း တစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။
မိသားစုဆိုတာ
လူ ခြောက်ယောက်ရှိ လူ ခြောက်ယောက်
လက်ဆယ်ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိ လူအကုန်။
မိသားစုဆိုတာ
ရှင်သန်ဖို.အတွက် အဆက်မပြတ် တိုက်ပွဲဝင်ရတယ်
ရန်ကုန်ဟာ စစ်မြေပြင်။
လဲကျသွားတဲ့ ငါ့ အဖေနေရာကို
ငါ့ ညီလေးဝင်ခဲ့တယ်
ယိုင်နဲ.သွားတဲ့ ငါ့ အမေနေရာကို
ငါ့ ညီမလေးဝင်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး
ငါ့ အတွေးအခေါ်က
သားသမီးဆိုတာ သီးခြားရှင်သန်ရတဲ့ ဘ၀တစ်ခု။
ငါဟာ လမ်းပေါ်မှာ ကြီးပြင်းခဲ့လို.
လမ်းနဲ. သွေးသားတော်စပ်တယ်လို. ထင်တယ်။
ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း သံကြောင်ထွက်တယ်
ငါ့ မိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
ငါ့မိသားမှ
ကြမ်းခင်းတစ်ချပ် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မ၀င်တဲ့ ဂိုးတွေကို ငါသွင်းခဲ့တာ။ ။

စိုင်းဝင်းမြင့်

မော်ဒန်မိသားစုရဲ့ မိသားစုဝင်တွေမှာ လိပ်ပြာမသန်.စိတ်နဲ. ကင်းတာ ဘယ်သူရှိသလဲ။ မော်ဒန်လူသားဟာ သူ.ကိုယ်သူ မဖြည့်ဆည်းနိုင်ဘူး။ သူ.မိသားစုကို သူ မဖြည့်ဆည်းနိုင်ဘူး။
တစ်နေ.တာ ရှင်သန်မှုဟာ တိုက်ပွဲဖြစ်တယ်။ ကဗျာဆရာပြောသလို ရန်ကုန်ဟာ စစ်မြေပြင်ဖြစ်တယ်။ ကျွန်တော်တို.အားလုံးရှေ.ကို ချီတက်နေတယ်။ ဘေးမှာ ဒဏ်ရာရနေတဲ့ သူတွေ၊ သေဆုံးနေတဲ့သူတွေ။ မတက်နိုင်ဘူး ။ ကျွန်တော်တို.ရှေ.ကို ဆက်လက်ချီတက်နေတယ်။ ရှေ.မှာ ဘာရှိသလဲ ။ မသိ။ ဘယ်သူမှ မသိ။
ဒီကဗျာဟာ ခေတ်ပေါ်မိသားစုဘ၀ကို အကဲခတ်နိုင်ဖို. နမူနာ ထုတ်ပြထားတဲ့ ကဗျာအချို.ပါပဲ။ တခြား ကဗျာဆရာတွေရဲ့ မိသားစု ကဗျာတွေလည်း အများကြီးရှိဦးမှာပါ။ အဲဒီကဗျာတွေကို ဖတ်ရတာဟာ မိသားစု ဓါတ်ပုံအယ်ဘမ်တွေကို လှည့်ကြည့်နေရသလိုပါပဲ။ အဲဒီ ဓါတ်ပုံတွေကို ပုံကြီးချဲ့လိုက်ရင် မော်ဒန်လူ.အဖွဲ.အစည်းရဲ့ ပုံသဏာန်ကို ထင်ထင်ရှားရှား မဟုတ်တောင် ခပ်ရေးရေးတော့ တွေ.မြင်နိုင်မယ်လို. ယူဆမိပါတယ်။


P.S >>>> ဆရာအောင်ခင်မြင့်ဧ။် တိမ်လွှာမို.မို.လွင်မှသည် ပို.စ်မော်ဒန်အနုပညာဆီသို. စာအုပ်မှ ဆောင်းပါးတစ်ပုဒ်အား တင်ပြခြင်းဖြစ်ပါကြောင်း



Thursday, January 14, 2010

သာဓကတွေ ၊ ဥပမာတွေ၊ ရှင်သန်မှုများ အကြောင်း

"ဆေးလိပ်တွေ သောက်နေတုန်းပဲလားဟင် "

"အင်း ၊ တစ်ခါတစ်လေပါ "

"မသောက်ပါနဲ.တော့လားဟင် "

"မရဘူး၊ အစ်ကို နှုတ်ခမ်းတွေက တပ်မက်ဖွယ်ရာ တစ်ခုခုကို အမြဲရှာနေမိတယ်၊ အစ်ကိုနှုတ်ခမ်းတွေရဲ့

  တပ်မက်မှုမှာ ဆေးလိပ်က ထိပ်ဆုံးကပါတယ်။ "

"ဟင်၊ အခြားတစ်ခုခုနဲ. အစားထိုးကြည့်ပါလား၊ အစ်ကို လုပ်နိုင်မှာပါ။"

"အင်း၊ လုပ်နိင်ပါတယ်၊ အစ်ကိုနှုတ်ခမ်းတွေကို မင်းနှုတ်ခမ်းတွေနဲ. ထိကပ်ထားတာမျိုးပေါ့ "

 

ချာတိတ်တွေ ၊ အတိတွေမှာ ချာနေပုံများ ၊ အထိတ်တလန်.တွေ ရှာကြရင်း၊ ထိတ်လန်.စရာတွေ ရှာရင်း ၊ လျှာရင်း  

                                                                                                   မြတ်ဖို.တော့ တီဗီဖွင့်ပါ။

အတွဲတွေ အတွဲတွေ ကြည့်ရင်း ခုန်ရင်း ၊ ရင်ခုန်ကြည့်ရင်း ၊ ဒီနေ. အပူးလားပဲ

လူတွေ ပြောနေလိုက်ကြတာ ပြောနေလိုက်ကြတာများ ပုံပျက် ပန်း ပျက်၊ ပန်း ကပ်ဦးမလား ဗျာ၊ ဟေ့ကောင် စကားကို ကပ် မပြောနဲ. ၊ အော် ကပ်ဖားယပ်ဖား ပြောတက်ပါူးဗျာ ၊ဘူးတစ်လုံးဆောင် အိုတောင် မဆင်းရဲဆိုတိုင်း စွတ် မလုပ်နဲ.၊ အော...လုပ်ဇာတ်ခင်းတာမဟုတ်ပါဘူးဗျာ၊ စကားပန်းခင်းထဲမှာများ လူတွေ ပြောနေလိုက်ကြတာ ပြောနေလိုက်ကြတာများ ပုံပျက် ပန်းပျက်......။

လက်သည်းအမဲတွေ ဆိုးထားပြန်ပြီ၊ အကျီင်္အမဲတွေ ၀တ်ထားပြန်ပြီ၊ မျက်လုံးအမဲတွေ ဆွဲထားပြန်ပြီ

ပြန်ဖျက်....

ဟင့်အင်း၊ မဲနက်တောက်ပြောင်ထင်ရှားခြင်းများသည် နှစ်သက်ဖွယ်ကောင်းသည်။

ဆူသည်...ဆူသည်...သိပ်ဆူသည်၊ နားထဲတွင် ဆူညံလာသည်နှင့် မျက်ရည်များ ဝေ့တက်လာသည်။

ဆူလွယ်နပ်လွယ် အတွေးအခေါ်များကြားတွင် ၀ိရိယနှင့် ဖြစ်သော မျက်ရည်များ ဝေ့တက်လာသည်။

စိတ်ကဆောင်နေတယ်၊ အောင်ပြီပေါ့ ၊ ဒီစိတ်က ဟန်ဆောင်နေတယ်၊ မလုံမလဲနဲ. ပြန်မကြည့်နဲ.

လုပ်လေ၊ လုပ်ပေါ့

ခင်ဗျား စိတ်အတွက် ကျွန်တော် အခွန်ဆောင်ခဲ့ပြီးသား

ငြင်း (ညှင်း) ဦးမလို.လား

လက်ဖ၀ါးခြင်း ယှက်၊ ရင်ဖက်ခြင်း အပ်၊ ခံယူချက်ခြင်း တေ့၊ ရင်ခုန်သံချင်း တူ၊ မေတာဓါတ်တွေ ယူ

ပြီးရင်တော့ ကျောခိုင်း

ခင်ဗျားနဲ. ကျွန်တော် ပညာချင်းပြိုင်ကြရအောင်

သောက်ရေခွက်များ လမ်းလျှောက်ထွက်လာသည်။

ဝေါ်ကီတော်ကီများ မုတ်ဆိတ်ရိတ်ဓါးဖြင့် လှီးဖြတ်ခံရပြီးသည်နောက်တွင်

သောက်ရေခွက်များ မီးမောင်းထိုးပြကြသည်။

 

"ရှင်၊ ဒါဆို သမီးနှုတ်ခမ်းတွေက အစ်ကိုဆေးလိပ်ပြတ်ဖို. ကူညီနိုင်တာပေါ့နော် "

"အင်း"

 

 

 

 

Friday, January 8, 2010

မြန်မာခောတ်ပေါ်မိသားစု (၁)

ကျွန်တော်ပြောလိုတဲ့ 'မြန်မာခောတ်ပေါ်မိသားစု' ဆိုတာဟာ ဆိုရှယ်လစ်ခေတ်အပြီးမှာ ပေါ်ပေါက်လာတဲ့ မိသားစုဘ၀၊ ပုံသဏာန်တွေကို ယေဘုယျဆိုလိုခြင်း ဖြစ်ပါတယ်။ အဲဒီ မော်ဒန်မိသားစုဘ၀ကို မလေ့လာခင်မှာ ဆိုရှယ်လစ်ခေတ် လူနေမှုဘ၀ကို အရင်အခြေခံကြည့်ဖို. လိုပါတယ်။ ဆိုရှယ်လစ်ခေတ်မှာ မိသားစုအများစုဟာ လူလတ်တန်းစား အလုပ်သမားတွေနဲ. ဖွဲ.စည်းထားတဲ့ ဆင်တူမိသားစု ဖြစ်တယ်။ မိသားစုတစ်ခုမှာ အလုပ်လုပ်သူဦးရေ များပြားလာတယ်။ စာရေးစာချီအလုပ်တွေ များပြားလာတယ်။ ကျေးလက်လူ.အဖွဲ.အစည်းဟာ အက်သံပေးလာခဲ့တယ်။ ကျေးလက်က လူဟာ လယ်ကွင်းထဲမှာ နွားကိုထားခဲ့ပြီး မြို.တက်လာတယ်။ မြို.ရောက်တော့ လယ်ကွင်းထဲက နွားလို ငေါင်စင်းစင်းကြီး ဖြစ်ရပြန်တယ်။မြို.မှာ အရက်ရှိတယ် ကွန်မြူနစ်ဝါဒ ရှိတယ်။ အပေါစား မိန်းမတွေရှိတယ်။ ကျပန်းအလုပ်တွေရှိတယ်။ ဒီလိုနဲ. ကျေးလက်မှာ မိသားစုဝင် လျော့လျော့လာခဲ့တယ်။ မြို.ရောက်တဲ့သူဟာ ပြန်လမ်းမရှိတဲ့ အရပ်ကိုရောက်သွားသလို မိသားစုဆီ ပြန်မလာနိုင်တော့ဘူး မြို.ဟာ တစ္ဆေတွေကို မွေးမြူထားသလိုမျိုး လူတွေကို မွေးမြူထားတယ်။ လူတွေဟာ မြို.ပြရဲ့ စားကြွင်းစားကျန်တွေကို စားသောက်ရင်း မကျွတ်မလွတ်နိုင်တဲ့ တစ္ဆေတွေ ဖြစ်ကုန်ကြတယ်။ မြို.ပြလူအဖွဲ.အစည်းဟာ အထီးကျန် ၀ိညာဉ်တွေနဲ. ဖွဲ.စည်းထားတဲ့ အရပ်ဖြစ်လာတယ်။ ဒီလိုနဲ. မြို.ရောက်တဲ့ သူတွေဟာ တောကို မပြန်ကြတော့ဘူး။ တောက မိခင်တွေဟာ နေညိုချိန် ပြန်မလာတော့တဲ့သားကို မျှော်နေကြတဲ့ ကြေကွဲဖွယ် မိန်းမအိုကြီးတွေ ဖြစ်ကုန်ကြတယ်။
အက်နေတဲ့ ကျေးလက် လူ.အဖွဲ.အစည်းဟာ ဆိုရှယ်လစ်ခေတ် အပြီးမှာတော့ ပြိုကွဲသွားခဲ့ပါတယ်။ ဆိုရှယ်လစ်လွန် ဟင်းလင်းပြင်(Post-socialist void) ဟာ ၀ဲကယက်တစ်ခုလိုမျိုး လူတွေရဲ့ စိတ်ဝိညာဉ်၊ အစဉ်အလာတွေနဲ. တန်ဖိုးတွေကို စုပ်ယူပစ်လိုက်တယ်။ လူတွေဟာ (စိတ်ထဲမှာ ဟာလာဟင်းလင်း ဖြစ်ပြီး) ဟောင်းလောင်းကြီး ဖြစ်ကုန်တယ်။ ကျေးလက်ဆက်တင်ကားကို ဖျက်ဆီးပစ်လိုက်ကြတယ်။ နီယွန်မီးတွေ လင်းလာတယ် ။ တိုက်အမြင့်ကြီးတွေ မှိုပွင့်တွေလို ရုတ်ချည်းပေါ်ထွက်လာတယ်။ မြို.ရဲ့ အဆင်တန်ဆာဖြစ်တဲ့ မိန်းမပျက်တွေနဲ. ခိုတွေရောက်ရှိလာခဲ့တယ်။ 'မိသားစု ဘ၀' ဟာ ကစဉ်.ကလျား ဖြစ်လာခဲ့တယ်။ ဒီလိုနဲ.ပဲ မော်ဒန်မ မိသားစုဘ၀၊ မော်ဒန်လူနေမှုဘ၀ဟာ တစစ အမြစ်တွယ်ခဲ့တယ်။ ကျွန်တော်တို.ဟာ ခေတ်နဲ. ငြင်းခုန်လု.ိ မရ။ ခေတ်နဲ. ငြင်းခုန်ရတာဟာ တစ္ဆေကောင်နဲ. ငြင်းခုန်ရသလိုပဲ။ ကျွန်တော်တို.ဟာ အရှိတရား နဲ. ငြင်းခုန်လို.မရ။ အရှိတရားနဲ. ငြင်းခုန်တာဟာ ကျောင်တောင်ကြီးနဲ. ငြင်းခုန်ရသလိုပဲ။ ဒီလိုနဲ.ပဲ 'မိသားစု' ဆိုတာရဲ့ အဓိပါယ်ကို ဖမ်းဆုပ်ဖို. ခက်ခဲလာခဲ့တော့တယ်။
ဆိုရှယ်လစ်စနစ် နိဂုံးချုပ်ချိန်မှာ မြို.ပြလူနေမှု ဘ၀ပုံစံထဲ စီးဝင် ရွေ.လျားလာခဲ့တဲ့ မိသားစုတစ်ခုကို အောင်ချိမ့်ရဲ့ 'ရပ်ကွက်' ဆိုတဲ့ ကဗျာထဲမှာ တွေ.မြင်နိုင်တယ်။

ရပ်ကွက်

အပြင်မှာ
ပျော်စရာနည်းနည်း
လွင်ပြင် ဖုန်မှုန်.နဲ. မြက်ခြောက်
ပိုးလောက်လန်း ထူပြစ်
စိတ်ညစ်ဖို.ကောင်းတယ်။

ခိုလိုအိမ်
ပရိဘောဂများ အနှံ
ဖရိုဖရဲအရာများ ပွတွန်.သော
အခန်းရှည်မျောမျော လေထဲမှာ
သူတို.တစ်နေ.တာလုံး နေထိုင်ကြတယ်။

သူရယ်
သူ. ညီမသုံးယောက်ရယ်
ချာတိတ် နှစ်ကောင်ရယ်
မွန်းလှောင်နေကြမှာပဲ။

ပွဲလမ်းရာသီရှိတဲ့ ရက်များဆို
တစ်အိမ်သားလုံး အလည်ထွက်ကြပေါ့။

အထီးတည်း တိတ်ဆိတ်နေတဲ့ အခန်းမှာ
ကျန်ရစ်ခဲ့တာ
သူနဲ.
လမ်းမကို ကြောက်မက်ဖွယ် ငေးမျှော်နေတဲ့
သူ.ရဲ့ မျက်လုံး လှလှတစ်စုံ။

အောင်ချိမ့်
ဇန်န၀ါရီ ၊ ၁၉၈၇

အောင်ချိမ့်ရဲ့ ဇတ်ကောင် (မော်ဒန်လူသား) ဟာ အခန်းတစ်ခန်းထဲမှာ ပိတ်မိနေတာထက် သူ.ရဲ့ အထီးကျန်နေတဲ့ အဇ္ဖုတထဲမှာ ပိတ်မိနေတာဖြစ်တယ်။ ကဗျာရဲ့ အဆုံးက မျက်လုံးနှစ်လုံးဟာ ကဗျာထဲကို ချောင်းကြည့်ဖို. ဖွင့်ပေးထားတဲ့ ပြတင်းပေါက် နှစ်ပေါက်ပါပဲ။ အဲဒီကနေ ချောင်းကြည့်ရင် ဇာတ်ကောင်ရဲ့ ဟာလာဟင်းလင်း ခံစားမှုနဲ. ကင်းကွာခြင်း ခံစားမှု (Sense of alienation) ကို တွေ.ရမှာ ဖြစ်တယ်။ ကင်းကွာခြင်းဟာ မော်ဒန်အနုပညာရဲ့ အရေးပါတဲ့ အကြောင်းအရာ တစ်ရပ်ပဲဖြစ်တယ်။ ကဖ်ကာ (Kafka)ရဲ့ metamorphosis ထဲမှာ အဲဒီအကြောင်းအရာကိုပဲ သင်္ကေတပြု ရေးဖွဲ.ထားတာ တွေ.မြင်နိုင်တယ်။ မိသားစု၊ ပတ်ဝန်းကျင်နဲ. အဆက်အသွယ် မလုပ်နိုင်တဲ့ အင်းဆက်ပိုးကောင်ကြီး အသွင်ပြောင်းသွားတဲ့ ကဖ်ကာဇာတ်ကောင်ရဲ့ အဖြစ်ကတော့ ပိုပြီး အဓိပါယ် ကင်းမဲ့တာပေါ့လေ။
'ရပ်ကွက်' ကဗျာ ရေးဖွဲ.ပြီးနောက် (၁၀)နှစ် အကြာမှာရေးဖွဲ.ခဲ့တဲ့ အောင်ချိမ့်ရဲ့ လမ်း ဆိုတဲ့ ကဗျာကတော့ အနရယ်တွေ ပြွမ်းတီးနေတဲ့ ခောတ်ပေါ်မိသားစု ဘ၀ရဲ့ ရှင်သန်မှုကို ထိတ်လန်.ဖွယ် အကောင်းဆုံးပြဆို နိုင်ခဲ့တယ်။

လမ်း

မိသားစုများ အခန်းကဏ
ကမ္ဘာဦး ပုံသဏာန်
တစ်ဦးပြန်အလာ တစ်ဦးမျှော်ကြ
မီးဖိုကြ

ငါတို.ခောတ်မှာ ငါတို.ဟာ
ချစ်မေတ္တာကို ယူလာနိုင်ခဲ့လို.လား
အိမ်ပြန်လာကြတယ်

ကားတစ်စင်း သေနေပေါ့
ညောင်ပင်ကြီးရဲ့ အောက်မှာ
မိုးက မတိတ်တော့ဘူးလား
ဟောဒီ လောကမှာ

အောင်ချိမ့်
(1996၊ ဒီဇင်ဘာ ၊ ရနံသစ်)

အောင်ချိမ့်ရဲ့ ကဗျာဟာ ကတ်(၂)ကတ် ပဲပါတဲ့ အတိုဆုံး ရုပ်ရှင်ကားလေး တစ်ခုပါပဲ။ ကင်မရာဟာ မီးပုံဘေးက ကမ္ဘာဦး မိသားစုကို ရိုက်ပြနေရင်းက ရုတ်တရက် (ကတ်ပြောင်း)သွားပြီး မိုးတဖွဲဖွဲ ရွာနေတဲ့အချိန် အိမ်အပြန်လမ်းမှာ ညောင်ပင်ကြီး တစ်ပင်ကို (ဆိုးဆိုးရွားရွား) ၀င်တိုက်ထားတဲ့ ကားတစ်စီးကို ပြတယ်။ ဒါပဲ ၊ မြို.ပြဟာ တည်းခိုသူတွေကို ကြီးမားတဲ့ တန်ဖိုးတွေတောင်းဆိုတက်တယ်။ ကျွန်တော်တို.ဟာ မြို.ပြကို ပိုက်ဆံ၊ အချစ်၊ အသက်စတဲ့ မတန်မဆတန်ဖိုးတွေ ပေးဆပ်ကြရတယ်။ ကဗျာဟာ လူးလွန်.နေတဲ့ မီးတောက်တွေ နဲ. စတင်ထားပြီး 'တစိမ့်စိမ့် ရွာနေတဲ့မိုး'နဲ. အဆုံးသတ်ထားတယ်။ 'လူးလွန်.နေတဲ့ မီးညွန်.' တွေရဲ့ သင်္ကေတသဘောဟာ မိသားစုရဲ့ တောက်လောင်နေတဲ့ အပူမီး ဆိုရင် မတိတ်နိုင်ပဲ တစိမ့်စိမ့် ရွာချနေတဲ့ မိုးစက်တွေ ကတော့ အေးစက်တဲ့ (ရက်စက်တဲ့)့ ကံကြမ္မာ တရားပဲ ဖြစ်ပေလိမ့်မယ်။

ဆက်ပါဦးမည်


P.S >>>> ဆရာအောင်ခင်မြင့်ဧ။် တိမ်လွှာမို.မို.လွင်မှသည် ပို.စ်မော်ဒန်အနုပညာဆီသို. စာအုပ်မှ ဆောင်းပါးတစ်ပုဒ်အား တင်ပြခြင်းဖြစ်ပါကြောင်း

Tuesday, January 5, 2010

ကျွန်တော်အိမ် အနောက်ခန်းက အရူး

ကျွန်တော်ရှေ့မှာ အခန်းကျဉ်းလေးတစ်ခုကို မြင်နေရပါတယ်။ အဲဒီအခန်းကျဉ်းလေးဟာ အိမ်တစ်လုံးရဲ့ အရိပ်အာဝါသအောက်မှာ ငြိမ်ငြိမ်လေးရှိနေပါတယ်။ အခန်းလေးရဲ့ထောင့် စာအုပ်စင်ဘေးက ခုတင်ပေါ်မှာ အရူးတစ်ယောက် ပန်းရောင်နုနု စောင်တစ်ထည်ကိုခြုံလို. အိပ်နေတက်တယ်။ သူ.နာမည်ကို ကျွန်တော်မသိပါဘူး။ သိစရာလည်း အကြောင်းမရှိသလို သိဖို.လည်း ခက်ပါလိမ့်မယ်။ သူက စကားသိပ်မပြောသလို စကားထဲမှာ သူ.နာမည်ပါအောင် ပြောဖို.က လူကောင်းတွေ အဖို.တောင် လွယ်တာမှတ်လို......ပြီးတော့ သူ.စကားသုံးက သိပ်ပြီးတိုးလွန်းတယ်။

ကျွန်တော်အထင်တော့ သူဟာ တော်တော်လေးကို စိတ်ကဏှာမငြိမ်ဘူး ထင်တယ်ဗျာ... သူဟာ အခန်းထဲက သူ.အိပ်ရာပေါ်မှာ အိပ်နေမယ်၊ နောက် ရေထသောက်မယ် ၊ပြန်အိပ်မယ်...နောက်အိမ်သာထဲ အဓိပါယ်မဲ့ ၀င်ထိုင်နေမယ်။ သူ.ကို အဲ့လို အမြဲတမ်းမြင်နေရတာ တကယ့်ကို စိတ်ပျက်စရာပါ။ တစ်ခါတစ်လေ သူ.ကိုအိပ်ရာပေါ်မှာ စာအုပ်တစ်အုပ် ဖတ်နေတာ မြင်ရရင်တော့ ဘာလို.လည်းမသိဘူး.... ကျွန်တော် တကယ်ကိုပျော်တယ်...ကျွန်တော်အမြင်မှာတော့ စာအုပ်တွေနဲ. သူဟာ သိပ်လိုက်ဖတ်တာပဲ....သူစာဖတ်နေတာကို မြင်ရင်ခင်ဗျားတို. သူ.ကိုကျွန်တော်လို ချစ်မိမယ်ထင်တယ်... ကလေးပေါက်စလေး တစ်ယောက်ကို ချစ်ဖို.ကောင်းလိုက်တာဆိုပြီး ချစ်ကြသလိုပေါ့....။

သူဟာ ဘယ်လိုလူမျိုးလည်း ဆိုတာ ကျွန်တော် မဝေခွဲတက်ပါဘူး။ သူ.ရဲ့ လုပ်ဆောင်ဖွယ် အ၀၀ကို သူလုပ်ချင်တာတွေ အားလုံးကို သူ.အိပ်ရာပေါ်မှာ သူလုပ်တက်တယ်။ ကျွန်တော် အထင်တော့ သူဟာ ငပျင်းလေး တစ်ယောက်ဖြစ်ပါလိမ့်မယ်... ဒါမှမဟုတ် ဘယ်ကိုမှ ထွက်မသွားရဲတဲ့ လူကြောက်တစ်ယောက်လည်း ဖြစ်နိုင်တယ်...သူဟာ လူကြောက်တစ်ယောက် ဟုတ်မဟုတ် မပြောတက်ပေမယ့် အပြင်ကပြန်လာလို. သူ.အခန်းထဲ ရောက်ရင် အချို.ရက်တွေဆို သူဟာ စောင်ခြုံပြီး တိုးတိုးလေးငိုနေတက်တယ်....တစ်ခါတစ်လေတော့လည်း ခုတင်ပေါ်ကနေ ခြေတစ်ဖက်အောက်ကိုချပြီး သူပြုံးနေတက်တယ်။ သူ.အပြုံးကလည်း တကယ့်ကို တိုးတိုးလေးပါပဲ..နှုတ်ခမ်းတွေကို အနာတရဖြစ်စေလောက်အောင် ဖိကိုက်ထားပြီး ဖြည်းဖြည်းလေး ပြုံးတက်တယ်....သူပြုံးတာကို အခြားလူတွေ မြင်တွေ.သွားမှာ စိုးရိမ်တဲ့ ဟန်မျိုးနဲ.ပေါ့.... ဒါမှမဟုတ် ပြုံးလိုက်ရင် သူမပီသမှာစိုးနေလေသလားပဲ....ကျွန်တော်နားလည်လိုက်တာကတော့ သူဟာ အပြင်လောကမှာ ဖြစ်ပျက်ခဲ့သမျှကို အခန်းထဲရောက်မှ ခံစားပစ်တဲ့ လူငယ်တစ်ယောက်ပေါ့... အဲဒါကြောင့် ကျွန်တော်ပြောတာ ပန်းရောင်ခြုံစောင်နဲ. ချာတိတ် ရူးနေပါတယ်လို.။

အခုတစ်လော ညအိပ်ရာဝင်တိုင်း သူ.အတွက် ကျွန်တော်စိတ်မကောင်းဖြစ်ရတယ် ၊ ကျွန်တော်ရဲ့ တစ်ယောက်တည်းသော အခန်းဖော် သူ.... သူ. ဆီက ကျွန်တော် ဆေးလိပ်နံရတယ်...သူ အိပ်ရာဝင်ပြီးလို. သူ.ဘေးနား ကျွန်တော်ဝင်လှဲလိုက်တိုင်း သူ.လက်ကြားက ဆေးလိပ်နံရနေတက်ပြီ...။ သူအပြင်မှာ ဆေးလိပ်သောက်တက်နေပြီ ထင်ရဲ့... ကျွန်တော်ကြားဖူးသလောက် ဆေးလိပ်သောက်ကြတာ စိတ်ညစ်လို....ပျင်းလို.တဲ့... အဲ့ဒီအတိုင်းသာဆို သူလည်း... အခန်းထဲမှာတော့ သူ.ပုံစံဟာ စိတ်ဓါတ်ကျနေသလိုပဲ...တစ်ယောက်တည်းရယ်... အဲဒါကို ကျွန်တော်သိတယ်။ အပြင်မှာရော သူတစ်ယောက်တည်း စိတ်ညစ်နေတာများလား...ကျွန်တော်မသိဘူး ၊ သူ.ရဲ့ အပြင်က ကိစ္စတွေကို ကျွန်တော်မှ မသိနိုင်တာ

တစ်ရက် သူအိပ်ရာပေါ်မှာ စာရေးနေရင်း ရုတ်တရက် အပြင်ကို ထထွက်သွားတယ်...စာအုပ်ကဖွင့်လျှက်သားလေး ကျန်ခဲ့တယ် ။ သူကအဲ့လို စာတွေရေးနေကျဆိုပေမယ့် ဘာတွေရေးနေမှန်း ဘာအတွက်ရေးနေမှန်း ကျွန်တော်မသိနိုင်ခဲ့ပါဘူး။ ဒီနေ.တော့ သူဖွင့်လျှက်သား စာမျက်နှာလေး ကျွန်တော်အရောက် ပြေးဖတ်ကြည့်မိတယ်...

ဒီနေ. ခြောက်လလောက်မတွေ.တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ. ငါတွေ.တယ်
သူတို.နဲ. လက်ဖက်ရည်ဆိုင် ထိုင်တယ်...ကန်ပေါင်သွားတယ်
အရမ်းပျော်ဖို.ကောင်းတာပဲ..... သူတို.တော့ မသိဘူး
ငါ့ဘေးမှာ လူတွေရှိနေသေးတယ် ငါလူတွေဘေးမှာ ရှိနေသေးတယ်


ကျွန်တော် ဖတ်လို.မပြီးသေးခင်မှာပဲ သူပြန်ဝင်လာတယ် အခန်းထဲကို...စာကို ငုံဖတ်နေတဲ့ ကျွန်တော်ကို သူဝင်တိုက်လိုက်တယ်... ကျွန်တော်လည်း အဲ့ဒီအချိန်ကစလို. သူနဲ.တစ်သားတည်း ဖြစ်သွားတယ်

ဒီအခန်းလေးထဲမှာ..... အနက်ရောင် ဂစ်တာတစ်လုံး
စိတ်လှုပ်ရှားမှုတွေ ပေးနိုင်တဲ့ ကိုရီးယားဇာတ်လမ်းတွဲ
ကြောင်ကလေးတစ်ကောင်
ထူးအိမ်သင်ရဲ့ သီချင်းတစ်ပုဒ်ကို ခြွေချသိပ်ထည့်ထားဖို.
ဆေးလိပ်ပြာခွက် တစ်ခွက်
ဖော်ဝေးရဲ့ ကဗျာအပိုင်းအစတွေ မရှိနေနိုင်တာ သေချာသလို အရူးတစ်ယောက်ရဲ့ အခန်းထဲ ကျွန်တော်ရောက်နေခဲ့တာ သေချာခဲ့တယ်


Saturday, January 2, 2010

ခရီးကပြန်ရောက်ပြီးနောက် တစ်ရက်နှစ်ရက်

တောင်တန်းတွေကို ထားခဲ့တယ် သံသယတွေနဲ.
တောင်တန်းတွေပေါ် သံသယတွေနဲ.လမ်းလျှောက်အိပ်စက်
ပါးစပ်ကတော့ တောင်ကြီးဖ၀ါးအောက်လို. လျှောက်ပြော

ငါတို.အိမ်မှာ သိပ်ဆူတယ် မန်းလေးက လမ်းမတွေလိုပဲ
အဖေအမေက ငါ့အတွက် ဟွန်းတွေတီးတယ်
သူတို.အချင်းချင်း ဟွန်းသံတွေပေးတယ်
သိပ်ဆူတယ်
ဟွန်းသံတွေဟာ ဘာမှ အဓိပါယ်မရှိဘူး
သိပ်ဆူတယ်

"မင်းငါတို. သေမှာသိလိမ့်မယ်"
"အာ. လီးတည်းမှပဲ သေလိုက်ပေါ့ဗျာ ခင်ဗျားတို.ကို သေချာမြုပ်ပေးမယ်" အဲ့လို
အဲ့လို ပြောပြီး ငါမေ့ချင်ယောင်ဆောင် ဆက်အိပ်တယ် ငါ့အခန်းထဲမှာ ငါဆက်နေတယ်
ငါ့အခန်းကို ငါချစ်တယ်

နှစ်ရက်
ငါရောက်တာ နှစ်ရက်ပဲရှိပါသေးလား
လွန်ခဲ့တဲ့ခြောက်လကို ငါလွမ်းတယ်ကွာ
ငါ့အိမ်ငါပြန်ရောက်တာ နှစ်ရက်ပဲရှိသေးပါလားနော်

လွန်ခဲ့တဲ့ခြောက်လကဗျာ မနက်မိုးလင်းတာနဲ. ခုနှစ်နာရီဆို အိမ်ကထွက် အလုပ်သွား ညနေခြောက်နာရီထိ အလုပ်ထဲမှာပဲ အားလုံးကိုမေ့ထား ခြောက်နာရီထိုးပြီလား အလုပ်ကထွက်လာ အိမ်ပြန်ဖို. မဖြစ်နိုင်သေးဘူး တစ်ယောက်ယောက်နဲ.သွားတွေ. တစ်ယောက်မဟုတ် တစ်ယောက်နဲ.သွားတွေ. ငါဒီအချိန်အိမ်ပြန်လို. မဖြစ်သေးဘူး တစ်ယောက်ယောက်နဲ.တွေ.ရင် အနည်းဆုံး ကိုးနာရီထိနေ ပြီးမှ အိမ်ကိုပြန် အိမ်ရောက် ညဆယ်နာရီ ဆယ်တစ်နာရီပဲ ဘယ်သူနဲ.မှ စကားပြောဖို. မလိုတော့ဘူး ငါဘာသာအေးဆေးအိပ်ယုံပဲ ပြီးပြီ အဲဒီပျော်စရာနေ.ရက်တွေက ကျန်ခဲ့ပြီလား ခုတော့ တစ်နေကုန်အိမ်မှာ ငါမနေချင်တဲ့နေရာ မောလိုက်တာနော်

ရန်ကုန်မြို.ကို ပြန်ရောက်ရောက်ချင်းမှာ အောင်ခင်မြင့်ကို မုန်းတယ်
သူက ငါ့ကို စိုင်းဝင်းမြင့် ကဗျာတွေနဲ. ပြိုလဲကျအောင်လုပ်တယ် ငါ့ရင်ဘက်ကို
အကြိမ်ကြိမ် ချိန်ရွယ် ရိုက်ခတ်တယ်
နောက် ငါလဲကျတယ် ငါသေခါနီးမှာ
ဖော်ဝေးရဲ့ သေတမ်းစာ (ကဗျာ) ကို ဖတ်ပြတယ်
ပြီးတော့ ငါသေပစ်လိုက်တယ်

နေမျိုးရဲ့ ကျွန်တော်ညီမလေးကို ဖတ်ပြီး ငါကဘာလို.ငိုချင်တာလည်း
စိတ်ပျက်ပျက်နဲ. မှောက်လျှက်ပြန်အိပ် နာရီက မနက်ဆယ်နာရီတဲ့
ခရီးကပြန်ရောက်တည်းက ငါရေချိုးချင်စိတ်မရှိသေးဘူး
ရေလည်းမချိုးဖြစ်တော့ဘူး

Wednesday, December 23, 2009

ရောင်းကုန်မဟုတ်ကြောင်း ကြေငြာချက်များ

ငါ့ကို မလှောင်ကြပါနဲ. ငါထွက်သွားတော့မှာပါ
ငါထွက်သွားတာကို မလှောင်ကြပါနဲ.
ထွက်သွားတဲ့ ငါ့ကို မလှောင်ကြပါနဲ.
စိတ်ချပါ...
ငါက ငါ့အသုဘကို ငါကိုယ်တိုင်မြေမြုပ်ခဲ့မယ့် ကောင်ပါ
ငါဟာ ငါကွာ ငါပါ
ငါဟာ ငါပါကွာ
ငါဟာကွာ ငါပါ
ငါဟာ တရားခံပါလို. ၀န်ခံနေတာတောင် အခုထိ မဖမ်းကြသေးဘူးလား
ထိုကဲ့သို.သောအားဖြင့် ငါအား ထပ်မံမသိမ်ငယ်ပါစေနှင့်
ဟေ့ကောင်... မင်းဟာ မင်းဖြစ်တယ်
ဟေ့ကောင်... မင်းဟာ မင်းသိတယ်
ဟေ့ကောင်... မင်းဟာ မင်းရှိတယ်
ဟေ့ကောင်... ငါဟာ...
သားရယ်... အဲဒါကို မကြည့်နဲ.၊ အဖေကို ဖက်ထား
သားရယ်... အဲဒါကို ကြည့်၊ အဖေကို ဖယ်ထား
အသက်ကြီးလာပြီး လူအသိုင်းအ၀ိုင်းထဲ ခပ်ကျယ်ကျုယ်ဝင်မိတော့
ငါလည်း စကားကြီး စကားကျယ် ပြောတက်လာခဲ့
သတိထားကြကွဲ. ငါဟာ ရောင်းကုန်မဟုတ်ဘူး
ငါ့ကို ထုတ်မရောင်းကြပါနဲ.
ငါ့ကို သိုလှောင်ထားပါ ငါ့ကိုသိမ်းဆည်းထားပါ ငါ့ကို မွန်းကျပ်ခွင့်ပေးပါ
ကျွန်တော်မှာ သိပ်ပြီး စိတ်ကောက်တက်တဲ့ ချစ်သူတစ်ယောက်ရှိပါတယ်
ကျွန်တော်မှာ သိပ်ပြီး သ၀န်တိုတက်တဲ့ ချစ်သူတစ်ယောက်ရှိပါတယ်
ကျွန်တော်မှာ သိပ်ပြီး စကားမပီတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်
ကျွန်တော်မှာ သိပ်ပြီး စကားပြောယဉ်ကျေးတဲ့ ချစ်သူတစ်ယောက်ရှိပါတယ်
ကျွန်တော်မှာ သိပ်ပြီး ချွဲတက်တဲ့ ချစ်သူတစ်ယောက်ရှိပါတယ်
သောကြာနေ. မည်သည် ရှည်လျှားတက်ကြောင်း
စနေ တနင်္ဂနွေက ထပ်မံသက်သေခံသွားသော အခါ
တော်လိုက်တော့ ငါကငပေါလား ပြော
စိတ်ချစမ်းပါ ငါကတစ်ယောက်တည်းသေမယ့် မသာပါကွာ
မကောင်းဆိုးဝါးဆိုတာ မင်းရဲ့နာမည်
သေချာတယ်မင်းဟာ ဘ၀ဖျက်သမား
(Big Bag)
လာချစ်သူ ဒီမြစ်ကမ်းနား နဖူးမှာထိုင် ငါ့ပခုံးကိုမှီ ပင်လယ်ပြင်ကို ငေးကြမယ်
ငါ့အသုဘကို ငေးကြမယ် လာချစ်သူ

Sunday, December 20, 2009

ဝစ္စပေါက် သည် သိက္ခာဖြစ်ကြောင်း


န၀မတန်း ဘိုင်အိုသင်ခန်းစာမှာ
အဓိက ငါး နဲ.ဖား ဟာ ပတ်ခြာလည်လှည့်

ဝစ္စပေါက်တွေ ရဲ့ တန်ဖိုးကိုသိပါသလား
လူဟာ အသက်ကြီးလာတာနဲ.အမျှ တန်ဖိုးတွေကကျ
ငါသိ ခဲ့တဲ့ ဝစ္စပေါက်တွေ (ဆွေးမြ/ပျက်ဆီး/ပြုတ်ကျ/ကျန်ရစ်/မေ့ထား/တိုက်ပွဲရဲ့အပြင်ပ/သူဟာဖျားနာ/တိုက်စားခံရ/အရေးအသားမှာ ပြတ်ကျန်ခဲ့/....../........./ )အကြောင်းအား အထက်ပါစကားလုံးများမှာ မိမိနှစ်သက်ရာ စကားတစ်လုံးအား အလျှင်းသလို ယူငင်သုံးစွဲနိုင် ပါကြောင်းနှင့် မနှစ်သက်ပါကလည်း ထိုကွင်းစကွင်းပိတ်ထဲပါ စကားလုံးများနှင့် အဓိပ္ပါယ်တူစကားတစ်လုံးအား သုံးစွဲနိုင်

အသက်နှစ်ဆယ်အရွယ် ဘိုင်အိုသင်ခန်းစာမှာ
ငါ နဲ. ဖာ ဟာ သံသရာလည်

Friday, December 18, 2009

ရိုးရိုးလေးရေးထားသော

နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော်သွားတော့မယ် လမ်းရဲ့သယ်ဆောင်ရာ ဟိုအဝေးကို (ခင်ဝမ်း)

တစ်ယောက်ပြီးတစ်ယောက် တစ်ပေါက်ပြီးတစ်ပေါက်
အသီးသီးဟာ ခုန်ချ
ကြိုးဆွဲချသေသွားတဲ့ ဂျူးတွေ ဂျက်ကော့ဗ်ရဲ့ အနီးအနားမှာ
ရောမန္တိက ၀ါဒီတွေ အသက်သုံးဆယ် မကျော်ခင် သတ်သေကြ
အီမိုချောချောလေးတွေ စိတ်ဓါတ်ကျ သတ်သေကြ
သတ်သေကြတာ စိတ်ဓါတ်ကျလို. ၀ါသနာပါလို.မဟုတ်ဘူး
သတ်သေတာဟာ အဖန်ငါးရာ ငါးကမ္ဘာနဲ.ဆိုင်သလား

မင်းစူးစိုက်လုပ်ပါ
ဟုတ်ကဲ့ ကျွန်တော် Suicide လုပ်လိုက်ပါမယ်

ခွေနေမယ် ချောင်တစ်ချောင်ထဲမှာ အသေကောင်လို အယောင်ဆောင်ဆဲပါ (Big Bag)

ဟန်ဆောင်သေလို.ရရင် မိနစ်ခြောက်ဆယ်စာလောက် ဖြစ်ဖြစ်

မကောင်းကျောင်းပို.တဲ့ သေရွာကိုသွားကြမယ်လာ
ဒီဘ၀မှာ ငါ အိစ်ပိုင်ရာဖြစ်သွားပြီ
ရက်လွန်ပစ္စည်းဆိုတာ မသုံးကောင်းဘူးကွဲ..
ငါ့ကိုထားခဲ့လိုက် မထားခဲ့နဲ. ပစ်သွားလိုက် မပစ်သွားနဲ. မေ့ထားလိုက်
သူတို.ဘ၀တွေ ဆင်းရဲကြတယ်
ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲတယ် စိတ်ပိုင်းဆိုင်ရာ ဆင်းရဲတယ် အတွေးအခေါ် ဆင်းရဲတယ် လူနေမှုဘ၀ ဆင်းရဲတယ်
ဒါနဲ. သူတို. သေတွင်းကို မဆင်းရဲတာ အံပါရဲ့ဗျာ..
ထပ်ပြောမယ် ငါဟာ ရက်လွန်ပစ္စည်း
ငါ့ကိုယ်ငါ မသုံးဘူး ငါဟာ မတုံးဘူး
မပြုံးပြနဲ. ပြုံးတယ်ဆိုတာ ဖြုန်းတာပဲ

ကမ်းနားထိပ်မှာထိုင် ကြယ်တွေရွေ.နေတယ် သင်္ဘောတွေ ရွေ.နေတယ် ငါ့စိတ်တွေက သေနေတယ်
ဘာမှမရှိ
မရှိတာ ဘာမှမဟုတ်ဘူး
ငါတို.ဘ၀တွေဟာ ခဏခဏ သေတက်ကြတယ်
အချို.တွေက သတ်သေကြတယ်

စိတ်ပျက်သူတစ်ချို. ပြတ်သားတဲ့စိတ် ငါ့စိတ်ပြတ်သားစွာနဲ. ငါ့ကိုငါစိတ်ပျက် သေချင်တယ် မေမေ
သေဖို.ဆိုတာ လွယ်ပါသလား
ဆိုဖီ ကသေသွားတယ်နောက်ဆုံး ငါလည်းသူ.လို ထွက်ပြေးသွားချင်တယ်
ငါနဲ.ဘယ်တူထွက်ပြေးမလည်းဟေ့

Friday, December 11, 2009

အင်တာနက်သုံးပါတယ်။ ခင်ဗျားနဲ့လည်း ဆက်သွယ်ဖူးပါတယ်။

ဒီနေ့ နေ့လည်က ကျွန်တော်နဲ့ တေလေ စကားပြောဖြစ်တယ်။ အွန်လိုင်းမှာပါ။
အဲဒီ စကားတွေကိုပဲ တေလေက တစ်ချို့အရာတွေ ဖြည့်စွက်ပြီး ကဗျာ လုပ်လိုက်တယ်။
ကဗျာဆရာ တေလေဟာ စိတ်ကူးအဓိက၀ါဒီ (conceptualism) တစ်ယောက်”ဆန်ဆန်” ရှိပြီးသားအရာတွေကို collage လုပ်ပြီး ကဗျာ အဖြစ် ပြန်လည် အသက်သွင်းခဲ့တယ်။ ဒါကျွန်တော့် အမြင်ပါ။ Art Is Idea!!! ဆိုတဲ့ conceptual တွေရဲ့စကားက ကျွန်တော့် ကို ထိရှစေခဲ့တာ ကြာလှပေါ့။

“ငါဟာ စိတ္တဇ တပ်သားသစ်ပေါ့
သူတစ်ညလုံးငိုနေတာ သူသိတယ် ငါသိတယ် လူတွေမသိဘူး
သူမကပြောတယ် ငါနတ္တိဖြစ်နေလားတဲ့ (ထိုလေသံတွင် စိုးရိမ်မှုပါနေသလား မပါဘူးလားဟု ကျွန်တော် မခွဲခြားတက်ပါ )
ဘ၀ရဲ့ပုစ္ဆာဟာ ဘာလည်း မင်းရဲ့ဘ၀ဟာ ....... ဘာ ...ပေါင်းများစွာ (ဒီပုစ္ဆာ)
ဘာမှ မဖြစ်ပါဘူးဗျာ (ဆက်ပြောရန်မရှိ)
မဖြစ်ရင် ပြောပြပါနော် (ဆက်ပြောရန်မရှိကြောင်း မသိပဲ မေးလိုက်ခြင်း)
ဖြစ်အောင် ပြောပြရမယ်ပေါ့နော်”


ကဗျာထဲက ”သူ”ဟာ တစ်ညလုံးငိုတယ်။ “ငါ” ဆိုတဲ့ကောင်က စိတ္တဇ တပ်သားသစ်။ “ငါ”ဆိုတဲ့ ဇာတ်ကောင် နိတ္တိ လားလို့ မေးခံ ထိတယ်။ မေးခံ ထိလောက်အောင် “ငါ” ဆိုတဲ့ကောင် ဘာတွေ လုပ်သလဲ။ ဘာတွေပြောသလဲ။ အပေါ်ယံ ရှပ်ကြည့်ရုံနဲ့ တေလေ ရဲ့ ဇာတ်ကောင်တွေက စိတ်ညစ်စရာတွေ ကြီးပါပဲလား။ စိတ်ညစ်စရာတွေကို ဘာလို့ ကျွန်တော့်ဆီကို ပစ်ပစ်ပေးနေတာလဲ ဆရာတေလေ။ ကျွန်တော်တို့ အသည်းကွဲ တာ မလောက်ငှသေးလို့လား . . .





"မဖြေချင်တာကို အတင်းအကျပ်မေးခြင်းဟာ အဲဒီလူကို လိမ်တက်အောင် သင်ပေးနေတာပဲ" (ကြားဖူးသော စကားတစ်ခွန်း )


ဘာဖြစ်လို့ ဒီ စကားတွေကို ကျွန်တော် တို့ ဆီကို ဆရာ တေလေ ပစ်ထည့်လိုက်တာလဲ။ ဘယ်သူ က အတင်း မေး လို့ ဘယ်သူ က လိမ် ခဲ့လို့လဲ။
နောက်ကျိနေတဲ့ ကျွန်တော်တို့ စိတ်ကို ဘာဖြစ်လို့ ခဲလုံးပစ်ထည့်လိုက်တာလဲ ။





မင်းရော ငါရော သူရော အခုစကားစပ်မိလို. ပြောကြည့်တော့
အားလုံး နတ္တိတွေဖြစ်နေပြီ.........
ငါတို. မျက်ရည်တွေနဲ. ရယ်ကြရအောင်
ဟေ့ကောင် မင်းဆက်မပြောနဲ.တော့ မင်းခံစားချက်ကို ငါတို.နားလည်တယ် ငါတို.သိတယ် ငါတို.ဟာလည်း... မင်းပါပဲ


သူနဲ့ ကျွန်တော် စကားစပ်မိတဲ့ဆီ သူ ခေါ်လာပါပြီ။ ကျွန်တော်တော့ရင်မောတယ်။ မျက်ရည်တွေနဲ့ ရယ် တော့ ဘယ်လှမလဲ။ မင်းရော ငါရော နိတ္တိ တဲ့။
ကဗျာ အစပိုင်းက “သူမ” ရဲ့ နိတ္တိ လား ဆိုတဲ့ အမေးကို ဖြေလိုက်ပြန်တယ်။ မင်းတို့ဟာ . . ငါလား။ မင်းခံစားချက် ကို ငါတို့ နားလည်တယ် ။ လူသားရဲ့ အထီးကျန်မှုကို မင်း အဲဒီစကားနဲ့ ဖြေလိုက်တာလား ဆရာတေလေ လို့ ကျွန်တော် မေးလိုက်ချင်ပါတယ်။

တော်တော်ပြောရ ခက်တာပဲ
ခက်တာကို တော်တော်ပြောတာကိုး
ဘယ်လိုလူလည်း မသိဘူး
မသိတဲ့လူဟာ ဘယ်လိုလဲ
ကောင်းကောင်းကို အပြောမခံဘူး
အပြောမခံရတာ ကောင်းတယ်


တေလေ ဟာ ကျွန်တော် မပြောဘူးလား။ ကတိ လုံးဝ မတည်ပါဘူး။ ကျွန်တော် တို့ ကို သူ ခေါ်လာတယ်။ ပြီးတော့ ဘယ်မှာ ထားခဲ့ပြီလည်း မသိဘူး။ ခက်တာကို ပြောတာက ဘယ်သူလဲ။ တော်တော်ပြောရခက်တာက ဘယ်ဟာလဲ။ ကျွန်တော့်ကို ပြောနေတာလား။ တေလေ ပြောထားသလိုပဲ ”အပြောမခံ ရတာ ကောင်းတယ်” အင်း . . . နာမ်စားတွေ ကျွန်တော့်အိမ်လို ရှုပ်ပွ သွားပြန်ပြီ။.



"သူ နဲ့ ငါ တကယ် ဝေးသွားပြီ မင်းသိလား
ဟို ကဗျာ ဆန်ဆန် ပြောရရင်တော့ဦးနှောက်က အသိကို ရင်ဘတ်က မလိုက်နိုင်သေးဘူး"


ကျွန်တော်ပြောခဲ့တာပါ။ ကျွန်တော့် ရင်ဘတ်က နှေးတယ်။ နား ကို မလိုက်နိုင်ဘူး။ နားထဲက ကြားရတာတွေ ကို မလိုက်နိုင်ဘူး။ ငယ်ငယ်ကတည်းက ခြေထောက်ကျိုးဖူးခဲ့တာကို အပြစ်ပုံချလိုက်ရင် “သူ” ပြောဦးမယ် “ဘာမှလည်း မဆိုင်ဘူး” လို့ ။

ငါ (ကျွန်တော့်သူငယ်ချင်း) နည်းနည်းပြုံးမယ်ထင်တယ်

ကျွန်တော့်ကို ပြောတာလား။

"နောက်တော့လည်း တစ်ယောက်တည်း နေရဲသွားမှာပါ'"

ကျွန်တော် မမှီမကန်း လှမ်းပြောတဲ့ စကားပါ။ တကယ် နေရဲပါ့မလား။ တေလေ . . . မင်းဆိုရင်ရော လို့ ကျွန်တော်မေးချင်ပြန်တယ်။

အဝေးက ဖုန်ဆိုးလွင်ပြင်တွေ
အဲ့စကား သိပ်ဟောင်းနေမလားမသိ
အဝေးက ဖုန်ဆိုးလွင်ပြင်တွေ လည်ချောင်းထဲကို တစ်စချင်းတစ်ထစ်ချင်း နောက် နှလုံးသားထဲထိ


အဝေးကဖုန်းဆိုးလွင်ပြင်တွေ ကျွန်တော်တို့ နှလုံးသားထဲမှာ ရှိနေပြီးသားပါ။ လည်ချောင်းထဲမှာလည်း ဖုန်းဆိုးလွင်ပြင်၊ နှလုံးသားထဲမှာလည်း ဖုန်းဆိုးလွင်ပြင် . . . . ဟုတ်ပါတယ် . .အဲ့စကား သိပ်ဟောင်းနေပါပြီ . . .ဒါပေမဲ့ နှစ်ချို့အရက်တွေကိုတောင် ကျွန်တော်တို့ တန်ဖိုးထားကြသေးတာပဲ . . . ကျွန်တော်တို့ကို မူးစေ သေးတာပဲဟာ . . .


သူငယ်ချင်းက ကျွန်တော်ကို ဟာသ တစ်ပုဒ်ပြောပြတယ်

သူငယ်ချင်းး ဘုရားမဲ့ နဲ့ ဘုရားရှိ တို့တွေ့ကြတယ် ဘုရားကိုယုံတဲ့သူက ပြောတယ်
လူတစ်ယောက် ဘုရားကျောင်းထိပ်က
me: အင်း (ဒီအသံဟာ သူ.ကို အနှောင့်အယှက်မဖြစ်စေဘူး လို.ယုံတယ်)
သူငယ်ချင်း : ခေါင်းလောင်းတိုင်ပေါ်တက်တယ်ပြုတ်ကျတယ်မသေဘူးဘုရားမဲ့က ပြောတယ် တိုက်ဆိုင်မှုပါ
me: အင်း ဆက်ပြောလေကွာ ငါနားထောင်နေတယ်
သူငယ်ချင်း: ဘုရားယုံ ဆက်ပြောတယ်နောက်တစ်ခါတက်တယ် ။ စောစောက တက်တဲ့သူပဲတဲ့
ထပ်ပြုတ်ကျတယ် မသေဘူး ဘုရားမဲ့ ပြောတယ် ဒါ တိုက်ဆိုင်မှု တဲ့
me: အင်း ဆက်ပြော
သူငယ်ချင်း: နောက်တစ်ခါ ထပ်ဖြစ်တယ်စောစောကလူပဲတဲ့ ထပ်တက်တယ်တဲ့ ထပ်ပြုတ်ကျတယ်တဲ့ မသေပြန်ဘူးတဲ့
ဘုရားယုံတဲ့သူက ပြုံးပြီး ပြောတယ် ဒီတစ်ခါကိုရောမင်း တိုက်ဆိုင်မှုလို့ ပြောဦးမလားတဲ့။
ဘုရားမဲ့ ပြန်ပြောတယ်။ ဒါကတော့ လေ့ကျင့်မှုဖြစ်သွားပြီတဲ့
:)
me: ဟဟား မင်းဘာကိုဆိုလိုချင်တာလည်းဟင်
သူငယ်ချင်း: ဟာသ သက်သက်ရယ်ပါ

ဒါဟာတကယ်ပဲ ဟာသသက်သက်လား ဒါဟာ ပုံပြင်တစ်ခုလား.ဒီစကားတွေက ဘုရားရှိနဲ.ဘုရားမဲ့က ပြောတာလား တကယ်က ဒါတွေအားလုံးကျွန်တော်သူငယ်ချင်းကပြောသွားတာပါ ခင်ဗျားမယုံဘူးလား နောက်တစ်ခေါက်ထပ်နားထောင်ကြည့်ပေါ့ ဒါပဲရှိတယ်


ဒါတွေက ဟာသ သက်သက်ရယ်ပါ ဆိုတာ တေလေ ကို ၀ိုင်းပြောလိုက်ကြပါ။ ကျွန်တော် တကယ် ဟာသ လုပ်ခဲ့တာပါ။ နောက်တစ်ခေါက်နားထောင်ချင်လည်း ပြောပြမယ်လေ ။ ဒါပေမဲ့ နားတွေကို ပိတ်ထားလိုက်ဗျာ။ ငိုသံကြီးနဲ့ ဟာသပြောရတာ အဓိပွါယ် မရှိဘူး။


အတိတ်ကံ ဆိုတာ မတရားမှုသက်သက်ပဲ

တေလေရဲ့ ဇာတ်ကောင် ဟာ ကျားနာတစ်ကောင်လို မြင်မြင်ရာကို မဲ နေပြီ။ အဲဒီစကားတွေကို ဘယ်သူများပြောခဲ့တာပါလိမ့်။ လားလား . . ကျွန်တော် ကိုယ်တိုင်ပြောခဲ့တာပါလား။
ကျွန်တော် ဟာ လောကကြီးကို မကျေနပ်တဲ့ ကျားနာ တစ်ကောင် လို မျက်လုံးတွေ နောက်ပြန်လန်နေပြီပေါ့။ အတိတ် ကံ ဆိုတာ တရား ပါတယ်လို့ မွေးကတည်း လိုလေသေးမရှိတဲ့ သူဌေးသားလေး တစ်ယောက်က လမ်းဘေး က ခြေမသန်တဲ့ သူတောင်းစားလေးကို ကပ်ပြောလိုက်တာ တေလေ မင်း ရော ငါရော ကြားလိုက် တယ်လေ။


ငါတို.မှာ စိတ်ကျ ရောဂါရှိတယ်တဲ့ ဘယ်သူတွေပြောလည်းဆိုတော့ ဆေးပညာနယ်ပယ်က ချာတိတ်တွေပေါ့
အင်းငါတို.ဟာ အရူးတွေပေါ့

အင်းပေါ့။ နှစ်ချို့ လောကကြီးကို မော့သောက်ပြီး မူးရူးနေတာပေါ့။

>>>တစ်ခါတစ်လေ ငါ လူသားအဓိက ၀ါဒီ ဖြစ်ချင်ဖြစ်နေမယ်
ဥပမာ ကွာ
မင်းရှေ့ မှာ (မြင်သာအောင်ပြောရရင်) ကောင်မလေး တစ်ယောက်ကို
ခြေသေ့င်္ နှစ်ကောင်ဝိုင်းကိုက်ဖို့ကြံနေတယ်မင်းလက်ထဲမှာ သေနတ်ရှိနေမယ် မင်းဘာလုပ်မလဲ
အသက်တစ်ချောင်းအတွက် အသက်နှစ်ချောင်းကို မင်းသတ်မလားငါတော့သတ်မယ်
(လက်ဖြောင့်ပါစေလို့တော့ ဆုတောင်းတယ်)

>>>ငါဆိုရင်တော့ကွာ ငါ့ပင်ကိုစိတ်နဲ.ဆိုရင်တော့ အဲဒီအဖြစ်အပျက်ကိုမြင်လိုက်ရရချင်းမှာဆိုရင်တော့
ကောင်မလေးကိုကယ်မိမယ်အဲဒီအဖြစ်အပျက်ကိုနည်းနည်းလေးစဉ်းစားချိန်ရမယ်ဆိုရင်တော့
ငါအဲနေရာကထွက်သွားမယ် ဒါပဲ

>>>ဘာဖြစ်လို့လဲ မင်းက ဘာဖြစ်လို့ ထွက်သွားမှာလဲ (တကယ်က အဲ့လောက် မစိုးရိမ်သင့်ပါဘူး)
ငါလား ငါ့အတွက်ကောင်မလေးကလည်းဘာမှမဟုတ်ဘူး အဲဒီအဖြစ်အပျက်ကလည်းဘာမှမဟုတ်ဘူး
အရေးမကြီးဘူး အဲ့ဒီလိုငါထွက်သွားလို. လူမဆန်ဘူးလို. ငါ့ကိုကဲ့ရဲ့ကြရင်လည်းအဲဒါဘာမှမဟုတ်ဘူး
အရေးမကြီးဘူးအဲ့လိုပဲခံစားမိတယ်

>>> မင်းနဲ့ငါနဲ့ နည်းနည်းကွဲသေးတယ်ကွ ဒါပေါ့ လူပဲ တစ်ယောက်နဲ့တစ်ယောက် တူလို့ ဘယ်ဖြစ်မလဲ
(တွေ.လား ကျွန်တော်သူငယ်ချင်းက နတ္တိပီသစွာ လက်ခံသဘောပေါက်လွယ်တယ်)


လက်ခံသဘောပေါက်လွယ်တာဟာ နတ္တိပီသ ခြင်းနဲ့ (ဆိုင်/မဆိုင်)??
ဇာတ်ကောင်ရဲ့ စိတ်ဓါတ်က နည်းနည်းတော့ ဆန်းကျယ်လာတယ်။ နှစ်ယောက်ရဲ့ စကားအသွားအပြန်မှာ ထူးဆန်းနေတယ်၊ အဲ့လောက် မစိုးရိမ်သင့်ပါဘူး လို့ ဘာလို့ တေလေ ထင်လိုက်တာလဲ ။ ကျွန်တော်မသိပါဘူး။ အဲဒီကောင်မလေး သာ . . . .“သူ” ဖြစ်ခဲ့ရင် . . . .
ကျွန်တော့် လက်ထဲမှာ သေနတ်မရှိလည်း ကျွန်တော် ခြသေ့င်္ ဆီ ခုန်ဝင်သွားမှာပါပဲ . . . စိုးရိမ်မိတာ နတ္တိ ဖြစ်ခြင်း မဖြစ်ခြင်း နဲ့ ပတ်သက်ပါသလား . .


စဉ်းစားတယ် သူကပြောတယ် ငါသေရင်ငါ့အတွက်ကဗျာရေးပေးပါတဲ့ ကျွန်တော်ငြင်းလိုက်တယ်
ဒါသူ.အသုဘရဲ့ ကဗျာပဲဆိုတာ သူ.ကိုပြောပြမယ်.

ကျွန်တော် မသိနိုင်တော့ဘူးလေ။ အဲဒီကဗျာကို သူ ဘယ်လို ရေးထားခဲ့သလဲ . . . ကျွန်တော် က သေသွားခဲ့ပြီပဲ . . .ဒါပေမဲ့ ကျွန်တော်မသေရဘူးတဲ့ . . . ဟင့်အင်း မောင် မသေရဘူးတဲ့ . . . ကျွန်တော် ပြန်ရှင်လာတယ် . . . .

ထားပါဘာပဲပြောပြော

မောင့်ဆီက ဝေးရာ ထွက်ပြေးတဲ့ မျဉ်းတစ်ကြောင်းရဲ့ ဆုံး(ဆုံ)မှတ်ဟာ ဘာများလဲလို့

ကျွန်တော်တို.ဟာ အရူးတွေပါလို.ထပ်ပြောရင်လေးနက်ပါလိမ့်မယ် မလေးနက်ချင်ပါဘူး လေးနက်နေပါတယ်


ကျွန်တော်သာ အသိဆုံး စာသားတွေဟာ ကျွန်တော့်ကိုပဲ ငိုအောင် လုပ်နိုင်စွမ်းရှိပါလိမ့်မယ် . . ခင်ဗျားတို့ရော ငိုမလို့လား . . .ငိုချင်ငိုဗျာ . . . တစ်ညလုံးလိုက်ငိုဗျာ . . .
ဆုံမှတ်ဟာဘာများလဲ . . . ကျွန်တော် ဖဲပွတ်ရတာ ၀ါသနာ မပါဘူးဗျာ . .
အဲဒီဖဲကို . . . .ရိုက်ချပလိုက်မယ် . . . ၀ုန်း . . . .


“မလေးနက်ချင်ပါဘူး။ လေးနက်နေပါတယ်။”



လင်းနီညို


မှက်ချက်၊ ။ ကျွန်တော်နောက်ဆုံးတင်ထားတဲ့ ကဗျာလေးကို ဖတ်ပြီး ကျွန်တော်သူငယ်ချင်း လင်းနီညိုက သူ.စိတ်ထဲဖြစ်လာတာကို ချရေးပြီး မေးပို.ထားတာလေးပါ အမှတ်တရအနေနဲ. ဖော်ပြလိုက်ပါတယ်...